ဧရာဝတီတိုင်းဒေမြန်မာနိုင်ငံကွန
်ပျူတာအသင်းချုပ်၏ အစီအစဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း၊ ဧရာဝတီတိုင်းဒေသကြီးကွန်ပျူတာ လုပ်ငန်းရှင်အသင်း နှင့် ဂျပန်နိုင်ငံအစိုးရ IPA အပြည်ပြည်ဆိုင်ရာ သတင်းအချက် အလက်နည်းပညာမြှင့်တင်ရေးအဖွဲ့တို့ပူးပေါင်း၍ တက္ကသိုလ် ဘွဲ့ရများ၊ကျောင်းသားများအတွက် သတင်းအချက်အလက်နည်းပညာအင်ဂျင်နီယာစာမေးပွဲအကြောင်း ဟောပြောဆွေးနွေးပွဲ Seminar on Fundamental IT Engineer examination (ITPEC) ကို ပုသိမ်မြို့ ပုသိမ်ဟိုတယ်ခန်းမဆောင်တွင် ယနေ့ နေ့လည် ၁၂း၃၀ နာရီက ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီး ဦးစိုးမြင့် က တက်ရောက်ချီးမြှင့် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။အဆိုပါဟောပြောပွဲသို့ ကွန်ပျူတာတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့်ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ ကျောင်းသားကျောင်းသူများ၊ ပုသိမ်တက္ကသိုလ်မှ ပါမောက္ခများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ စက်မှုအထကမှ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူများ၊ပညာရေးကောလိပ်မှ ဌာနမှူး ဆရာဆရာမကြီးများ၊အခြေခံပညာကျောင်းအုပ်ကြီးများ၊ကွန်
ပျူတာဆရာဆရာမများ၊
ဘွဲ့ရများ၊ စုစုပေါင်း (၄၂၂)ဦး တက်ရောက်နားထောင်ခဲ့ပါသည်။
ဂျပန်နိုင်ငံ IPA ဒုတိယ ဥက္ကဋ္ဌ MR Kenja Ogawa နှင့် ဧရာဝတီ ITPEC ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဦး တို့ က ဟောပြောဆွေးနွေးကြပြီး ဂျပန်နိုင်ငံ IPA အကြံပေးအရာရှိချုပ် Mr Sakaguchi က အမှာစကားပြောကြားပြီး ညနေ ၃း၄၅ နာရီ တွင် အခန်းအနားပြီးဆုံးခဲ့ပါသည်။ အခန်းအနားတက်ရောက်သူများကို ကော်ဖီဖြင့် ဧည့်ခံခဲ့ပါသည်။
ဟောပြောပွဲတက်ရောက်သူများအားအမှ
တ်တရလက်ဆောင်များအဖြစ် ရွှေရောင်ခြည်အင်တာနက်ဆိုင်။ KK အင်တာနက်ဆိုင်၊ တို့က အခမဲ့အင်တာနက်အသုံးပြုခွင့်ကဒ်မ
ျား၊ member card (၁၀၀) ခုစီ နှင့်
ITEC အင်တာနက်ဆိုင်က အင်တာနက်အခမဲ့ အသုံးပြုခွင့်ကဒ် member card (၂၀၀)ခု ပေးအပ်ခဲ့ပြီး AIBI Institute က LCCI သင်တန်းအခမဲ့တက်ရောက်ခွင့်(၃၀၀)
ဦးနှင့် Web သင်တန်းအခမဲ့(၂၀)ဦးစာ လက်ဆောင်ပေးအပ်ခဲ့ပါသည်။
နေရာမကျန်တော့သဖြင့် ပြန်သွားကြရသော တက္ကသိုလ်ကျောင်းသား(၈၀)ကျော်အတွ
က် အထူးစိတ်မကောင်းပါကြောင်းနှင့် သက်ဆိုင်ရာတက္ကသိုလ်များတွင်ပြုလုပ်မည့် ဟောပြောပွဲများတွင်ဆက်လက်တက်ရောက်နိုင်ပါကြောင်း အသိပေးခဲ့ပါသည်။