Saturday, September 29, 2012

Workshop for ITEE & ITSS of ITPEC ဖွင့်ပွဲအခမ်းအနားကို ဆရာဝန်အသင်းခန်းမ မှ ပုသိမ်မြို့တော်ခန်းမ တွင်နေရာပြောင်းလဲကျင်းပမည်ဖြစ်ပါသည်။

Workshop for ITEE & ITSS of ITPEC ဖွင့်ပွဲအခမ်းအနားကို ဆရာဝန်အသင်းခန်းမ မှ ပုသိမ်မြို့တော်ခန်းမ တွင်နေရာပြောင်းလဲကျင်းပမည်ဖြစ်ပါသည်။

Friday, September 28, 2012

ဂျပန်နိုင်ငံ နည်းပညာများကို မြန်မာလူငယ်များအား ဆင့်ပွားကမ်းယူသည့် အစီအစဉ် Workshop on ITEE & ITSS of ITPEC ဖွင့်ပွဲ အခမ်းအနားနှင့် နည်းပညာ အလုပ်အကိုင် အခွင့်အလမ်းများ အကြောင်း ရှင်းလင်းပွဲ ကို အောက်တိုဘာလ (၃)ရက် (ဗုဒဟူးနေ့) နံနက် (၉)နာရီတွင် ပုသိမ်မြို့တော်ခန်းမ တွင် ကျင်းပပါမည်။ စိတ်ဝင်စားသူတိုင်း အခမဲ့ တက်ရောက် နိုင်ပါသည်။

Workshop on ITEE ITSS of ITPEC အခမဲ့ ဖြစ်ပြီး ၅ ရက် ကြာမြင့်မည်။
IP ITPEC Training သည် အခမဲ့ ဖြစ်ပြီး ၁၅ ရက် ကြာမြင့်မည်။
တက်ရောက်သူများ Certificate of Participant ရမည်။ ကြိုးစားလျှင် OJT ချိတ်ဆက်ပေးပါမည်။
နေရာ သေချာရန် ကြိုတင် ဆက်သွယ်လျှင် ပို ကောင်းပါသည်။
09-49717428/ 49735312/
ဧရာဝတီတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းနှင့် လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း ကျင်းပသည့် နိုင်ငံတော်၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် ၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေး အသိုက်အမြုံ တို့ ကြောင့် ပြောင်းလဲလာမည့် အဆင့်မြင့် နည်းပညာသုံး စီးပွားရေး ပုံစံများ အတွက် လူ့စွမ်းအား အရင်းအမြစ်များကို နိုင်ငံတကာ စံနှုန်း အတိုင်း အရည်အသွေးပြည့် မှီ နေစေရန် ဂျပန်နိုင်ငံ နည်းပညာများကို မြန်မာလူငယ်များအား ဆင့်ပွားကမ်းယူ သည့် အ စီ အစဉ် Workshop on ITEE & ITSS of ITPEC (Japan, Myanmar, Malaysia, Mongolia, Philippine, Thailand, Vietnam) ဖွင့်ပွဲ အခမ်း အနားနှင့် နည်းပညာ အလုပ်အကိုင် အခွင့် အလမ်းများ အကြောင်း ရှင်းလင်းပွဲ ကို အောက်တိုဘာလ(၃)ရက် (ဗုဒဟူးနေ့) နံနက် (၉)နာရီတွင် ပုသိမ်မြို့တော်ခန်းမ တွင် ကျင်းပပါမည်။ စိတ်ဝင်စားသူတိုင်း တက်ရောက်နိုင်ပါသည်။
အဆိုပါ Workshop ပြုလုပ်ပေးရခြင်း၏ ရည်မှန်းချက်မှာ ကွန်ပျူတာ၊
နည်းပညာနှင့် ဘွဲ့ကြို ဘွဲ့ရ လူငယ်များအား ပြည်တွင်း ပြည်ပ လုပ်ငန်းများသို့ အလုပ်ဝင်ရောက်နိုင်ရန် နှင့် နိုင်ငံတကာ ပညာသင်ဆုများကို ရရှိနိုင်စေရန် ဖြစ်ပါတယ်။ Workshop သည် အခမဲ့ ဖြစ်ပြီး တက်ရောက် ခဲ့သူတိုင်းကို certificate ချီးမြင့်ပါမည်။ Workshop တွင် ကြိုးစားသူများအား OJT စီစဉ်သွား ပါမည်။ Workshop တက်ရောက်သူများအား နေ့စဉ် break time များတွင် ကော်ဖီ တိုက်ပါမည်။
IP, ITPEC Intensive Training သင်တန်းကို ရိုးရိုးဘွဲ့ရများ ၊ အခြေခံပညာ အထက်တန်းေ အာင်များ၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပုသိမ် တက္ကသိုလ် ပထမနှစ် ဒုတိယနှစ်များ ကျောင်းသားများ အခမဲ့ တက်ရောက် နိုင်ပါသည်။သင်တန်း ပြီးဆုံးပါက Certificate ချီးမြင့်ပါမည်။ သင်တန်းသည် အောက်တိုဘာ(၆)ရက် မှ (၂၆) ရက်နေ့ အထိ ဖြစ်ပါသည်။

Wednesday, September 26, 2012

Workshop for ITEE & ITSS of ITPEC ဖွင့်ပွဲ အခမ်းအနား

ဧရာဝတီတိုင်းဒေသကြီးကွန်ပျူတာပည
ာရှင်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း ကျင်းပပြုလုပ်မည့် Workshop for ITEE & ITSS of ITPEC ဖွင့်ပွဲ အခမ်းအနား ကို ယခု လာမည့် အောက်တိုဘာလ (၃)ရက်နေ့ နံနက် (၉)နာရီတွင် ပုသိမ် ဆရာဝန်အသင်း ခန်းမတွင် ကျင်းပ ပြုလုပ်ပါမည်။

ဧရာဝတီတိုင်း အတွင်းမှ လူငယ်များအား
ဂျပန်နိုင်ငံ နှင့် အာဆီယံနိုင်ငံ များ အသိအမှတ်ပြု ထားသော အိုင်စီတီ အင်ဂျင်နီယာများ ဖြစ်လာစေရန် ရည်ရွယ်လျှက် ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားများ၊ နည်းပညာ တက္ကသိုလ် ကျောင်းသားများ B.C.Sc final ,B.C.Sc hons, B.Tech final,B.E final များကို Workshop နှင့် first year second year Computer University Technology University & Pathein University ကျောင်းသားများကို Intensive training များ အခမဲ့ ဖွင့်လှစ် သင်ကြားပေးပြီး OJT ကိုပါ ဆင်းနိုင်ရန် စီစဉ်လျှက်ရှိရာ စိတ်ဝင်စားသူ လူငယ်တိုင်း တက်ရောက်နိုင် ပါကြောင်း သတင်းပါး အပ်ပါသည်။ ဖွင့်ပွဲတွင်လည်း စာရင်း ပေးသွင်းနိုင် ပါသည်။

ထိုပွဲသို့ အစိုးရအဖွဲ့ ၀န်ကြီးချုပ်မှ ဖွင့် လှစ်ပေး၇န် ဖြစ်ပြီး ၀န်ကြီးများ ဌာနဆိုင်ရာများ အသင်း အဖွဲ့အစည်းများ အားလုံး တက်ရောက်မည် ဖြစ်ပြီး ဧရာဝတီတိုင်း အတွက် လူမှု ကွန်ယက် ၀က်ဆိုဒ် ကို လည်း စတင် လွှင့်တင်ခြင်း ပါဝင်ပါသည်။

Tuesday, September 25, 2012

ကွန်ပျူတာ တက္ကသိုလ်(ပုသိမ်) ICTဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲတွင် တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဒေါ်မြတ်မြတ်မိုး မှ ဆွေးနွေးပြောကြားစဉ်(04.09.2012)


ကွန်ပျူတာ တက္ကသိုလ်(ပုသိမ်) ICTဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲတွင် တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးမောင်မောင်ဦး မှ ဆွေးနွေးပြောကြားစဉ်(04.09.2012)


ကွန်ပျူတာ တက္ကသိုလ်(ပုသိမ်) ICTဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးစန်းမောင် မှ အမှာစကားပြောကြားစဉ်(04.09.2012)