Friday, September 28, 2012

ဧရာဝတီတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းနှင့် လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း ကျင်းပသည့် နိုင်ငံတော်၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် ၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေး အသိုက်အမြုံ တို့ ကြောင့် ပြောင်းလဲလာမည့် အဆင့်မြင့် နည်းပညာသုံး စီးပွားရေး ပုံစံများ အတွက် လူ့စွမ်းအား အရင်းအမြစ်များကို နိုင်ငံတကာ စံနှုန်း အတိုင်း အရည်အသွေးပြည့် မှီ နေစေရန် ဂျပန်နိုင်ငံ နည်းပညာများကို မြန်မာလူငယ်များအား ဆင့်ပွားကမ်းယူ သည့် အ စီ အစဉ် Workshop on ITEE & ITSS of ITPEC (Japan, Myanmar, Malaysia, Mongolia, Philippine, Thailand, Vietnam) ဖွင့်ပွဲ အခမ်း အနားနှင့် နည်းပညာ အလုပ်အကိုင် အခွင့် အလမ်းများ အကြောင်း ရှင်းလင်းပွဲ ကို အောက်တိုဘာလ(၃)ရက် (ဗုဒဟူးနေ့) နံနက် (၉)နာရီတွင် ပုသိမ်မြို့တော်ခန်းမ တွင် ကျင်းပပါမည်။ စိတ်ဝင်စားသူတိုင်း တက်ရောက်နိုင်ပါသည်။
အဆိုပါ Workshop ပြုလုပ်ပေးရခြင်း၏ ရည်မှန်းချက်မှာ ကွန်ပျူတာ၊
နည်းပညာနှင့် ဘွဲ့ကြို ဘွဲ့ရ လူငယ်များအား ပြည်တွင်း ပြည်ပ လုပ်ငန်းများသို့ အလုပ်ဝင်ရောက်နိုင်ရန် နှင့် နိုင်ငံတကာ ပညာသင်ဆုများကို ရရှိနိုင်စေရန် ဖြစ်ပါတယ်။ Workshop သည် အခမဲ့ ဖြစ်ပြီး တက်ရောက် ခဲ့သူတိုင်းကို certificate ချီးမြင့်ပါမည်။ Workshop တွင် ကြိုးစားသူများအား OJT စီစဉ်သွား ပါမည်။ Workshop တက်ရောက်သူများအား နေ့စဉ် break time များတွင် ကော်ဖီ တိုက်ပါမည်။
IP, ITPEC Intensive Training သင်တန်းကို ရိုးရိုးဘွဲ့ရများ ၊ အခြေခံပညာ အထက်တန်းေ အာင်များ၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပုသိမ် တက္ကသိုလ် ပထမနှစ် ဒုတိယနှစ်များ ကျောင်းသားများ အခမဲ့ တက်ရောက် နိုင်ပါသည်။သင်တန်း ပြီးဆုံးပါက Certificate ချီးမြင့်ပါမည်။ သင်တန်းသည် အောက်တိုဘာ(၆)ရက် မှ (၂၆) ရက်နေ့ အထိ ဖြစ်ပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.