Thursday, July 12, 2012

ဧရာဝတီတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းနှင့် လုပ်ငန်းရှင်းအသင်းမှ ဟောပြောပွဲကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းနှင့် လုပ်ငန်းရှင်အသင်းတို့မှ ITPEC ၏ FE fundamental Engineer ဂျပန် အသိအမှတ်ပြု အိုင်တီစာမေးပွဲနှင့် ပါတ်သက်ပြီး ဟောပြောဆွေးနွေးပွဲကို သြဂုတ်လ (၈)ရက်နေ့ နေ့လည်(၁၂း၀၀)နာရီတွင် ဆရာဝန်များအသင်းတိုက်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ပါမည်။ ဂျပန်နိုင်ငံမှ ပညာရှင်များကိုယ်တိုင် လာရောက် ဟောပြောဆွေးနွေးပေးပါမည်ဖြစ်ပြီး ဟောပြောပွဲတက်ရောက်သူတိုင်းကို အမှတ်တရလက်ဆောင်များပေးအပ်နိုင်ရန်စီစဉ်နေခြင်းကြောင့် တက်ရောက်မည့်သူများအနေဖြင့် ကြိုတင်စာရင်းပေးသွင်းကြပါရန်အသိပေးအပ်ပါသည်။

အောက်ပါ အီးမေးလ် များသို့ ဆက်သွယ်နိုင်ပါတယ်။
mmo.aibi@gmail.com
mmmoe.ntt@gmail.com
minminshwesinn@gmail.com
ayeyarwady.mcpa@gmail.com
ayeyarwaddymcpa@gmail.com

Sunday, July 8, 2012

ဧရာဝတီတိုင်းဒေသကြီးကွန်ပျုတာပညာရှင်အသင်းမှ အခမဲ့သင်ကြားပေးခဲ့သည့် ITPEC (Information Technology Professional Exam Council) ၏ Fundamental IT Engineer စာမေးပွဲအောင်မြင်ခဲ့သူများ အားဂုဏ်ပြုဖော်ပြလိုက်ပါသည်

FE Exam အောင်မြင်သူစာရင်း
Mg Kyaw Thura FE 11-0233
Mg Pyae Phyo Myint Soe FE 12-0221
Ma Yee Yee Khaing FE 12-0206
Mg Ye Min FE 13-0105
Mg Naing Linn Thet FE 13-0111
Mg Thet Paing Soe FE 13-0115
Mg Kyaw Yel Paing FE 14-0127
Naw Mar Tha Htoo FE 14-0107
Mg Ye Win FE 15-0103
Mg Chit Ko Ko Oo
Ma Ei Mon Khaing IP 03-0214
FE Exam Morning အောင်မြင်သူစာရင်း
Ma Khine War War Htet FE 14-0123
Mg Chan Htike FE 18-0208
Ma Su Phyo Wai FE 18-0210
FE Exam Afternoon အောင်မြင်သူစာရင်း
Ma Myo Thiri Zaw FE 11-0254
Ma Wai Wai Linn FE 12-0204
Mg Wai Linn Tun FE 12-0205
Ma Tha Zin Khaing FE 12-0209
Ma Taw Dar Linn Phyar FE 13-0108
Ma Khaing Zar Tin Yi FE 13-0116
Ma Yu Nandar Aye FE 14-0114
Ma Ei Thazin Hlaing FE 14-0103
Mg Se Thu Aung FE 14-0124
Ma Hnin Thandar Hlaing FE 14-0105
Mg Wai Lin Phyo FE 14-0104
Mg Htin Aung Hein FE 18-0211

ARCPA,Ayeyarwady Region Computer Professional Association

ဧရာဝတီတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း နှင့် ဧရာဝတီတိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့၏ (၂၀၁၂ - ၂၀၁၄) ခုနှစ် အတွက် အလုပ်အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ(၁)ရက်၊ နံနက်(၁၁း၀၀)နာရီတွင် ပုသိမ်မြို့၊ Royal Lake Amusement Park Special Room တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းဝင်များ နှင့် ပညာရှင်အသင်းဝင်များက အလုပ်အမှုဆောင်များကို ဒီမိုကရေစီနည်းဖြင့် မဲပေး ရွေးချယ်တင်မြောက်ခြင်း ကို မြန်မာနိုင်ငံအသင်းမှ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းသန်းတင့်(MCIA)၊ ဒေါ်ဖြူဖြူထွန်း ဘဏ္ဍာရေးမှူး(YRCIA)၊ ဒေါ်ခင်တိုးယဉ် အမှုဆောင်(YRCIA) နှင့် ဒု-ဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ဝင်း(MCPA)၊ ဦးသောင်းစုငြိမ်း အတွင်းရေးမှူး(MCPA)၊ ဒေါ်ရင်ရင်အေး(ရုံးအဖွဲမှူး) ဒေါ်မြင့်မြင့်နွယ်(ရုံးအဖွဲ့မှူး) များက ဦးစီးကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

ရွေးချယ်တင်မြောက်ခဲ့သော
ဧရာဝတီတိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း
အလုပ်အမှုဆောင်အဖွဲ့သစ်(၂၀၁၂-၂၀၁၄)
ဥက္ကဋ္ဌ ဦးမောင်မောင်ဦး(Ntt Sysnet ,AIBI Institute)
ဒု-ဥက္ကဋ္ဌ ဦးမျိုးမင်းဦး (မြင့်မြတ်)
အတွင်းရေးမှူး ဦးထွန်းဇံဖြိုး(ITEC)
တွဲ-အတွင်းရေးမှူး ဦးတင့်နိုင်ဝင်း(Future Tech)
ဘဏ္ဍာရေးမှူး ဒေါ်ကြည်ကြည်ညွန့်(Shwe Yaung Chi)
စာရင်းစစ် ဦးရဲညီ (JEWEL)
အမှုဆောင် ဦးနေလွင် (SUN electronic)
အမှုဆောင် ဒေါ်ယုမွန်မွန်အောင်(Cambrian)
အမှုဆောင် ဒေါ်ရွေစကားဝါ (Win)

ရွေးချယ်တင်မြောက်ခဲ့သော
ဧရာဝတီတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း
အလုပ်အမှုဆောင်အဖွဲ့သစ်(၂၀၁၂-၂၀၁၄)
ဥက္ကဋ္ဌ ဒေါ်မြတ်မြတ်မိုး(AIBI Institute)
ဒု-ဥက္ကဋ္ဌ ဒေါ်ချိုချိုတင် (Royal)
အတွင်းရေးမှူး ဒေါ်မင်းမင်းရွှေစင် (နည်းပညာတက္ကသိုလ်)
တွဲ-အတွင်းရေးမှူး ဦးစိုးရွှေအောင် (အခြေခံပညာဦးစီးဌာနတိုင်းရုံး)
ဘဏ္ဍာရေးမှူး ဒေါ်ခင်ဥမ္မာလှိုင် (MCC Training)
စာရင်းစစ် ဒေါ်နှင်းယုမော် (နည်းပညာတက္ကသိုလ်)
အမှုဆောင် ဒေါက်တာခိုင်သဉ္စာ(ဋ္ဌာနမှူး၊ နည်းပညာတက္ကသိုလ်)
အမှုဆောင် ဦးချစ်ကိုကိုဦး(ကွန်ပျူတာတက္ကသိုလ်)
အမှုဆောင် ဒေါ်မိုးမိုးသူ (ကွန်ပျူတာတက္ကသိုလ်)
အမှုဆောင် ဒေါ်တိုးတိုးလွင် (ကွန်ပျူတာတက္ကသိုလ်)
အမှုဆောင် ဦးကျော်ကျော်ခိုင် (ကွန်ပျူတာတက္ကသိုလ်)
အမှုဆောင် ဒေါ်မေဖူးကို(KMD)

Wednesday, July 4, 2012

IT Business Plan Contest 2012 ပြိုင်ပွဲ

၁။ နိဒါန်း
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) နှင့် Japan နိုင်ငံ CIESF တို့ပူးပေါင်း၍ IT Industry ဖွံဖြိုးတိုးတက်လာစေရေး၊ Cloud Application နှင့် Mobile Application ဆိုင်ရာ ဆန်းသစ်သောနည်းပညာများပေါ်ထွက်လာစေရေးနှင့် စွန့်ဦးတီထွင်ဖန်တီးလိုသော လူငယ်လူရွယ် များ၏ ထူးချွန်ထက်မြက်သောအရည်အသွေးများပြသနိုင်စေရေး ဟူသော ရည်ရွယ်ချက်များဖြင့် IT Business Contest ပြိုင်ပွဲကို ကျင်းပမည်ဖြစ်ပါသည်။

၂။ ရည်ရွယ်ချက်
(က)    မြန်မာ ဂျပန်ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည် ရင်းနှီးမှု ပိုမိုရရှိနိုင်စေရန်။
(ခ)    IT Industry တွင် ထူးချွန်ထက်မြက်သော မြန်မာလူငယ်လူရွယ်များ ပေါ်ထွက်လာ စေရန်။
(ဂ)    စွန့်ဦးတီထွင်ဖန်တီးလိုသော လူငယ်လူရွယ်များ၏ ထူးချွန်ထက်မြက်သော အရည် အသွေးများ ပြသနိုင်ပြီး ရင်းနှီးမြှပ်နှံလိုသူများပေါ်ထွက်လာစေရန်။
(ဃ)    တိုးတက်ပြောင်းလဲနေသော  IT ဆိုင်ရာ နည်းပညာများ၊ တီထွင်ဆန်းသစ်မှုများကို ပိုမို နားလည်သိရှိနိုင်စေရန်။

၃။ ပြိုင်ပွဲအမျိုးအစား
Category :
•    Cloud Application
•    Mobile Application
အထက်ပါ ပြိုင်ပွဲအမျိုးအစား (၂) မျိုးနက်မှ မိမိနှစ်သက်ရာ မည်သည့်ခေါင်းစဉ်ကို မဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။

၎။ ဆုကြေး
ဆု (၃) ဆု ရွေးချယ်ပြီး ပထမဆု(ဒေါ်လာ ၃၀၀၀)၊ ဒုတိယဆု(ဒေါ်လာ ၂၀၀၀)၊ တတိယဆု (ဒေါ်လာ ၁၀၀၀)တန်ဖိုးနှင့်ညီမျှသောဆုကို ပေးပါမည်။

၅။ ဆုရွေးချယ်ပုံအဆင့်ဆင့်
ပထမအဆင့် -    တင်သွှင်းလာသော ပြိုင်ပွှဲဝင် Project Plan များမှ သတ်မှတ်ထားသော အရည်အသွေး ပြည့်မီပြည့်စုံသော Plan များအား စီစစ်ရွေးချယ်မည်။
ဒုတိယအဆင့်  -    ပထမအဆင့် ရွေးချယ်ခြင်းခံရသော Project Plan တင်သွင်းသူများသည် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF)မှ စီစဉ်သော သင်တန်းကို တက်ရောက်ခွင့်ရှိပြီး သင်တန်းပြီးဆုံးပါက မိမိ၏ Project ကို ပိုမို ပြည့်စုံ ကောင်းမွှန်အောင်ပြင်ဆင်၍ ပြိုင်ပွဲသို့ ပြန်လည်တင်သွင်းရပါမည်။ ထိုသို့ ပြင်ဆင်ပြီးသော ပြိုင်ပွဲဝင် Project များကို နောက်ဆုံးအဆင့် ရွေးချယ်၍ ပထမ၊ ဒုတိယ၊ တတိယဆု များ ပေးအပ်သွှားမည်ဖြစ်ပါသည်။

၆။ ပြိုင်ပွဲအစီအစဉ်

ပြိုင်ပွှဲဝင် Project Plan တင်သွင်းရမည့် နောက်ဆုံးရက်                   -    ၃၁. ၇. ၂၀၁၂
ပထမအဆင့်ရရွေးချယ်ခံရသူများစာရင်းကြေငြာမည့်ရက်                  -    ၁၁. ၈. ၂၀၁၂
ပထမအဆင့်ရရွေးချယ်ခံရသူများ presentation ပြုလုပ်ရမည့်ရက်      -    ၁၈. ၈. ၂၀၁၂
ဒုတိယအဆင့်ရွေးချယ်ခံရသူများစာရင်းကြေငြာမည့်ရက်                  -    ၁၉. ၈. ၂၀၁၂
သင်တန်းတက်ရောက်ရမည့်ရက်                                             -    ၂၇. ၈. ၂၀၁၂              မှ    ၃၁. ၈. ၂၀၁၂
နောက်ဆုံးအဆင့် Project Plan တင်သွင်းရမည့် နောက်ဆုံးရက်        -    ၂၉. ၉. ၂၀၁၂
နောက်ဆုံးအဆင့် ပြိုင်ပွဲဝင်ရမည့်ရက်                                       -     ၆. ၁၀.၂၀၁၂
ဆုပေးပွဲကျင်းပမည့်ရက်                                                       -    ၁၈. ၁၀.၂၀၁၂

၇။    ပါဝင်ယှဉ်ခွင့်ရှိသူများ
မြန်မာနိုင်ငံသား မည်သူမဆို ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်လျှောက်လွှာများကို www.myanmarictawards.org တွှင် download ရယူနိုင်သည်။

၈။    Project Plan တင်သွှင်းခြင်း

ပြိုင်ပွဲဝင်မည့် Project Plan သည် တစ်စုံတစ်ယောက်ထံမှ(သို့မဟုတ်) တစ်နေရာမှ ကူးယူဖော်ပြထား ခြင်းမဟုတ်ကြောင်း၊ မိမိ၏ကိုယ်ပိုင်ရေး Plan ဖြစ်ကြောင်းဝန်ခံကတိလက်မှတ်ရေးထိုး၍  ၂၀၁၂ ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့ နောက်ဆုံးထား၍ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ရုံးခန်းသို့ ရုံးချိန် အတွင်းပေးပို့ရပါမည်။ အသေးစိတ်သိရှိလိုပါက ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်၊ အဆောင်(၁)၊ အခန်း(၁) ဖုန်းနံပါတ်- ၆၅၂၃၀၇ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Sunday, July 1, 2012

Objectives of MCPA

The objectives of Myanmar Computer Professionals Association are as follows:-
  • To function in accordance with the objectives of the Computer Science Development Law.
  • To upgrade the knowledge of computer science for the members of the association.
  • To hold symposiums and seminars for distributing knowledge especially to the members by inviting the distinguished scientists.
  • To co-operate in conducting research and development of computer science and technology.
  • To strive for establishment of township, district, state and division computer professionals associations.

About Myanmar Computer Professionals Association (MCPA)

About MCPA
Myanmar Computer Professionals Association is the largest association of ICT professionals in Myanmar. Operating under the guidelines of Union of Myanmar e-National Task Force and Myanmar Computer Federation, the association has been upgrading the knowledge of computer science and information communication technologies for members and non-members alike.

HISTORY
Computer Science Development LawThe Computer Science Development Law was promulgated on 20th September, 1996 and the Myanmar Computer Development Council, the highest policy making body was duly established.

The Objectives of Myanmar Computer Science Development Law are as follows: -
  • to contribute towards the emergence of a modern developed State through computer science;
  • to lay down and implement measures necessary for the development and dissemination of computer science and technology;
  • to create opportunities for the youth, especially students, to study computer science;
  • to study computer science, which is developing internationally and to utilize the same in a manner which is most beneficial for the State;
  • to cause extensively development in the use of computer science in the respective fields of work;
  • to supervise the import and export of computer software or information.
Establishment of Associations
 To better organize the development of computer science and the ICT industry, three associations and one federation were established. MCPA was established on 17th May, 1998.

The translation "Scientist" was first used for Myanmar word "Pyin-nya-shin" from 1998 till 2004. Thus, the association was initially known as Myanmar Computer Scientist Association (MCSA). In August of 2004, during the Annual Conference of computer associations in Myanmar, the new term "Professionals" was substituted in the English translation. The name of the association in Myanmar language remains the same.

အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များတွင် တက်ရောက်နိုင်ရန် ပညာသင်ဆုကို MCPA Member များ ရွေးချယ်ခံရ

အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များတွင် ကွန်ပျူတာနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ (IT) မဟာဘွဲ့တက်ရောက်သင်ကြားနိုင်ရန်အတွက်ပညာသင်ဆုကို MCPA Member များ ရွေးချယ်ခံရ

           မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း နှင့် အိန္ဒိယနိုင်ငံသံရုံးတို့၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်တွင် ကွန်ပျူတာ နှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ မဟာဘွဲ့များ အတွက် ပညာသင်ဆုများ လျှောက်ထားနိုင်ရန် MCPA မှ ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ညှိနှိုင်း ဆောင်ရွက်မှုကြောင့် ပညာသင်ဆုများ လျှောက်ထားခွင့် ရရှိခဲ့ပါသည်။
          MCPA မှ (၃၀.၁၂.၂၀၁၁) နေ့တွင် လျှောက်လွှာများခေါ်ယူပြီး အရည်အချင်းစစ်စာမေးပွဲဖြစ်သော  လူတွေ့ ရေးဖြေ၊ နှုတ်ဖြေများအား စစ်ဆေးခဲ့ပါသည်။ လျှောက်လွှာတင်သူ (၂၈) ဦး ရှိပြီး ရေးဖြေ ဖြေဆိုရသူပေါင်း (၂၅) ဦး ရှိပါသည်။ ရေးဖြေ အောင်မြင်သူမှာ (၁၀) ဦးရှိ၍ ၎င်းတို့အနက်မှ (၄) ဦးကို သတ်မှတ်လျာထားချက်များ နှင့်အညီ စကာတင် ရွေးချယ်ခဲ့ပါသည်။ အဆိုပါ (၄) ဦးမှ အောက်ဖော်ပြပါ သုံးဦးကို  University of Mysore, College of Fine Arts Premises, Manasagangothri, Mysore တွင် M.Sc (Computer Science) ဘာသာရပ်ကို သင်ကြားခွင့်ဖြင့် ပညာသင်ဆုကို ရွေးချယ်ခဲ့ပါသည်။

စဉ်
ရွေးချယ်ခံရသူ အမည်
တိုင်းဒေသကြီး
၁။
မဇင်စန္ဒာဝင်း
ရန်ကုန်တိုင်းဒေသကြီး
၂။
မောင်ရဲထွန်းသူ
ရန်ကုန်တိုင်းဒေသကြီး
၃။
မောင်ကျော်ရဲပိုင်
ဧရာဝတီတိုင်းဒေသကြီး

          ပညာသင်ဆု ရွေးချယ်ခံရသူ (၃) ဦးအား MCPA မှဝမ်းမြောက်စွာဂုဏ်ယူပါကြောင်း၊ နောင်တွင်လည်း ပညာသင်ဆုများအတွက် MCPA Member များအား ကူညီပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။