၁။ နိဒါန်း
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) နှင့် Japan
နိုင်ငံ CIESF တို့ပူးပေါင်း၍ IT Industry ဖွံဖြိုးတိုးတက်လာစေရေး၊ Cloud
Application နှင့် Mobile Application ဆိုင်ရာ
ဆန်းသစ်သောနည်းပညာများပေါ်ထွက်လာစေရေးနှင့် စွန့်ဦးတီထွင်ဖန်တီးလိုသော
လူငယ်လူရွယ် များ၏ ထူးချွန်ထက်မြက်သောအရည်အသွေးများပြသနိုင်စေရေး ဟူသော
ရည်ရွယ်ချက်များဖြင့် IT Business Contest ပြိုင်ပွဲကို
ကျင်းပမည်ဖြစ်ပါသည်။
၂။ ရည်ရွယ်ချက်
(က) မြန်မာ ဂျပန်ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည် ရင်းနှီးမှု ပိုမိုရရှိနိုင်စေရန်။
(ခ) IT Industry တွင် ထူးချွန်ထက်မြက်သော မြန်မာလူငယ်လူရွယ်များ ပေါ်ထွက်လာ စေရန်။
(ဂ)
စွန့်ဦးတီထွင်ဖန်တီးလိုသော လူငယ်လူရွယ်များ၏ ထူးချွန်ထက်မြက်သော အရည်
အသွေးများ ပြသနိုင်ပြီး ရင်းနှီးမြှပ်နှံလိုသူများပေါ်ထွက်လာစေရန်။
(ဃ) တိုးတက်ပြောင်းလဲနေသော IT ဆိုင်ရာ နည်းပညာများ၊ တီထွင်ဆန်းသစ်မှုများကို ပိုမို နားလည်သိရှိနိုင်စေရန်။
၃။ ပြိုင်ပွဲအမျိုးအစား
Category :
• Cloud Application
• Mobile Application
အထက်ပါ ပြိုင်ပွဲအမျိုးအစား (၂) မျိုးနက်မှ မိမိနှစ်သက်ရာ မည်သည့်ခေါင်းစဉ်ကို မဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။
၎။ ဆုကြေး
ဆု (၃) ဆု ရွေးချယ်ပြီး ပထမဆု(ဒေါ်လာ ၃၀၀၀)၊ ဒုတိယဆု(ဒေါ်လာ ၂၀၀၀)၊ တတိယဆု (ဒေါ်လာ ၁၀၀၀)တန်ဖိုးနှင့်ညီမျှသောဆုကို ပေးပါမည်။
၅။ ဆုရွေးချယ်ပုံအဆင့်ဆင့်
ပထမအဆင့် - တင်သွှင်းလာသော ပြိုင်ပွှဲဝင် Project Plan များမှ သတ်မှတ်ထားသော အရည်အသွေး ပြည့်မီပြည့်စုံသော Plan များအား စီစစ်ရွေးချယ်မည်။
ဒုတိယအဆင့်
- ပထမအဆင့် ရွေးချယ်ခြင်းခံရသော Project Plan တင်သွင်းသူများသည်
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF)မှ စီစဉ်သော သင်တန်းကို
တက်ရောက်ခွင့်ရှိပြီး သင်တန်းပြီးဆုံးပါက မိမိ၏ Project ကို ပိုမို
ပြည့်စုံ ကောင်းမွှန်အောင်ပြင်ဆင်၍ ပြိုင်ပွဲသို့ ပြန်လည်တင်သွင်းရပါမည်။
ထိုသို့ ပြင်ဆင်ပြီးသော ပြိုင်ပွဲဝင် Project များကို နောက်ဆုံးအဆင့်
ရွေးချယ်၍ ပထမ၊ ဒုတိယ၊ တတိယဆု များ ပေးအပ်သွှားမည်ဖြစ်ပါသည်။
၆။ ပြိုင်ပွဲအစီအစဉ်
ပြိုင်ပွှဲဝင် Project Plan တင်သွင်းရမည့် နောက်ဆုံးရက် - ၃၁. ၇. ၂၀၁၂
ပထမအဆင့်ရရွေးချယ်ခံရသူများစာရင်းကြေငြာမည့်ရက် - ၁၁. ၈. ၂၀၁၂
ပထမအဆင့်ရရွေးချယ်ခံရသူများ presentation ပြုလုပ်ရမည့်ရက် - ၁၈. ၈. ၂၀၁၂
ဒုတိယအဆင့်ရွေးချယ်ခံရသူများစာရင်းကြေငြာမည့်ရက် - ၁၉. ၈. ၂၀၁၂
သင်တန်းတက်ရောက်ရမည့်ရက် - ၂၇. ၈. ၂၀၁၂ မှ ၃၁. ၈. ၂၀၁၂
နောက်ဆုံးအဆင့် Project Plan တင်သွင်းရမည့် နောက်ဆုံးရက် - ၂၉. ၉. ၂၀၁၂
နောက်ဆုံးအဆင့် ပြိုင်ပွဲဝင်ရမည့်ရက် - ၆. ၁၀.၂၀၁၂
ဆုပေးပွဲကျင်းပမည့်ရက် - ၁၈. ၁၀.၂၀၁၂
၇။ ပါဝင်ယှဉ်ခွင့်ရှိသူများ
မြန်မာနိုင်ငံသား မည်သူမဆို ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်လျှောက်လွှာများကို www.myanmarictawards.org တွှင် download ရယူနိုင်သည်။
၈။ Project Plan တင်သွှင်းခြင်း
ပြိုင်ပွဲဝင်မည့်
Project Plan သည် တစ်စုံတစ်ယောက်ထံမှ(သို့မဟုတ်) တစ်နေရာမှ ကူးယူဖော်ပြထား
ခြင်းမဟုတ်ကြောင်း၊ မိမိ၏ကိုယ်ပိုင်ရေး Plan
ဖြစ်ကြောင်းဝန်ခံကတိလက်မှတ်ရေးထိုး၍ ၂၀၁၂ ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့
နောက်ဆုံးထား၍ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ရုံးခန်းသို့ ရုံးချိန်
အတွင်းပေးပို့ရပါမည်။ အသေးစိတ်သိရှိလိုပါက ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊
မြန်မာအင်ဖိုတက်၊ အဆောင်(၁)၊ အခန်း(၁) ဖုန်းနံပါတ်- ၆၅၂၃၀၇ သို့
ဆက်သွယ်မေးမြန်းနိုင်ပါသည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.