အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များတွင် ကွန်ပျူတာနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ (IT) မဟာဘွဲ့တက်ရောက်သင်ကြားနိုင်ရန်အတွက်ပညာသင်ဆုကို MCPA Member များ ရွေးချယ်ခံရ
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း နှင့် အိန္ဒိယနိုင်ငံသံရုံးတို့၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်တွင် ကွန်ပျူတာ နှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ မဟာဘွဲ့များ အတွက် ပညာသင်ဆုများ လျှောက်ထားနိုင်ရန် MCPA မှ ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ညှိနှိုင်း ဆောင်ရွက်မှုကြောင့် ပညာသင်ဆုများ လျှောက်ထားခွင့် ရရှိခဲ့ပါသည်။
MCPA မှ (၃၀.၁၂.၂၀၁၁) နေ့တွင် လျှောက်လွှာများခေါ်ယူပြီး အရည်အချင်းစစ်စာမေးပွဲဖြစ်သော လူတွေ့ ရေးဖြေ၊ နှုတ်ဖြေများအား စစ်ဆေးခဲ့ပါသည်။ လျှောက်လွှာတင်သူ (၂၈) ဦး ရှိပြီး ရေးဖြေ ဖြေဆိုရသူပေါင်း (၂၅) ဦး ရှိပါသည်။ ရေးဖြေ အောင်မြင်သူမှာ (၁၀) ဦးရှိ၍ ၎င်းတို့အနက်မှ (၄) ဦးကို သတ်မှတ်လျာထားချက်များ နှင့်အညီ စကာတင် ရွေးချယ်ခဲ့ပါသည်။ အဆိုပါ (၄) ဦးမှ အောက်ဖော်ပြပါ သုံးဦးကို University of Mysore, College of Fine Arts Premises, Manasagangothri, Mysore တွင် M.Sc (Computer Science) ဘာသာရပ်ကို သင်ကြားခွင့်ဖြင့် ပညာသင်ဆုကို ရွေးချယ်ခဲ့ပါသည်။
စဉ်
ရွေးချယ်ခံရသူ အမည်
တိုင်းဒေသကြီး
၁။
မဇင်စန္ဒာဝင်း
ရန်ကုန်တိုင်းဒေသကြီး
၂။
မောင်ရဲထွန်းသူ
ရန်ကုန်တိုင်းဒေသကြီး
၃။
မောင်ကျော်ရဲပိုင်
ဧရာဝတီတိုင်းဒေသကြီး
ပညာသင်ဆု ရွေးချယ်ခံရသူ (၃) ဦးအား MCPA မှဝမ်းမြောက်စွာဂုဏ်ယူပါကြောင်း၊ နောင်တွင်လည်း ပညာသင်ဆုများအတွက် MCPA Member များအား ကူညီပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:
Post a Comment
Note: Only a member of this blog may post a comment.